May 21, 2025
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီး၏ အပူချိန်သည် ၂၀၂၃ ခုနှစ်က တင်ခဲ့သည့် အပူဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့ပြီး အပူဆုံးနှစ်ဖြစ်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ပျမ်းမျှအပူချိန်သည် ၁၉ ရာစု ဒုတိယရာစုနှစ်ဝက်ကာလ (၁၈၅၀-၁၉၀၀) တွင်ရှိခဲ့သည့် တစ်ကမ္ဘာလုံးပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ခန့် ပိုမိုပူပြင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းက ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်ခြင်းများနှင့်အတူ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းတို့ကဲ့သို့ ဖြစ်စဉ်များကို ပိုမိုဖြစ်ပေါ်စေသည်။
May 20, 2025
ရုံးသုံး/လုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
May 20, 2025
ရုံးသုံး/လုပ်ငန်းသုံးစက်ကိရိယာများ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
May 20, 2025
ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကြီး National Esports Championship: Road to SEA Game 2025 ကို မေလတတိယပတ်မှစ၍ စတင်ကျင်းပသွားမည်ဖြစ်သည်။
May 20, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 20, 2025
ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ ဖက်ဒရယ်နယ်မြေ ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။
May 20, 2025
The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည် စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်ခြင်းတို့ကို ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိဇီဝဗေဒနှင့် ဇီဝနည်းပညာဆိုင်ရာပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အထက-၁ (ဒဂုံ) မှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများ ရရှိခဲ့ကြသည်။
May 20, 2025
မရမ်းကုန်းနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 20, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
May 20, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ပညာရှင်များ ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှစတင်၍ တစ်စောင်လျှင် ငွေကျပ် တစ်သောင်းတိတိဖြင့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန (နေပြည်တော်) တွင် ရောင်းချသွားမည်ဖြစ်သည်။