Apr 13, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးမူဝါဒရေးရာ၊ သုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာနကြီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သက်သက်လှကို ယင်းဌာနကြီး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Apr 13, 2024
ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Apr 13, 2024
နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလ ရောက်ခဲ့ပြန်ပြီဖြစ်သည်။ နက္ခတ္တဗေဒအလိုအရ တနင်္ဂနွေဂြိုဟ်မင်း (နေ) သည် မိန်ရာသီ (တပေါင်းလ) ၏ အဆုံးမှ မိဿရာသီ (တန်ခူးလ) ၏ အစသို့ ကူးပြောင်းချိန်ကျရောက်ခြင်းဖြစ်ပြီး သင်္ကြန်ကျသည်ဟု ဆိုသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတဘာသာမှ ပြောင်းလဲလာခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ “သင်္ကန္တ” ဟူသော ပါဠိဘာသာမှ ပြောင်းလဲလာခြင်း ဖြစ်သည်ဟူ၍လည်းကောင်း ယူဆကြပြီး အနက်အဓိပ္ပာယ်အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” သာလျှင် ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်း ခြင်းပင်ဖြစ်သည်။
Apr 12, 2024
ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ အထက်ဆိပ်ကျေးရွာသို့ ဧပြီလ ၉ ရက်နေ့ မနက် ၂ နာရီခန့်တွင် KIA/PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့် ဝင်ရောက်လာပြီး ဒေသခံလူငယ် ၂ ဦးနှင့် ယာယီရွှေ့ပြောင်းလာသူ လူငယ် ၁၆ ဦးတို့အား အဓမ္မဖမ်းဆီး ၂ ခေါ်ဆောင်ကာ လူသစ်စုဆောင်းသွားကြောင်း သိရှိရသည်။
Apr 12, 2024
၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နံနက် ၂ နာရီတွင် KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦး သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၁၆ ဦးကို ၎င်းတို့နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးပြီး မနက် ၄ နာရီတွင် ဖားကန့်မြို့နယ်၊ တာမခံကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
Apr 12, 2024
မြင်းခြံဗဟိုအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား နိုင်ဝင်းထွန်းကို ထောင်ဦးစီးမှူးနှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီး ၅ ရက်အကြာတွင် သေဆုံးသွားကြောင်း Khit Thit အမည်ခံ Facebook Page တွင် မဟုတ်မမှန်သတင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။
Apr 12, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 12, 2024
အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းအချောသတ်ဆွေးနွေး အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 12, 2024
မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ၊ Air Quality Monitoring Station (AQM-65) ၊ Scentroid (SL– 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer- 1941150)၊ (Gas Analyzer - 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS)နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5(PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide(SO2)၊ Nitrogen Dioxide(NO2)၊ Ozone (O3)နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ် လျက်ရှိပါသည်။
Apr 12, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
Apr 12, 2024
တိုင်းပြည်နှင့် လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် ၆ဝ နှင့်အထက် အဘိုးအဘွား၊ တပ်မတော်သားများကို ရာသက်ပန် ပြုစုစောင့်ရှောက်နေသည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် မိသားစုတို့က ယနေ့မွန်းလွဲပိုင်းက ဆန်၊ ဆီ၊ လက်ဖက်ခြောက်နှင့် အလှူငွေကျပ် ၅၀၀၀၀၀ အား သွားရောက်လှူဒါန်းကြရာ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
Apr 12, 2024
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 12, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနမှပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Apr 12, 2024
CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာရှိ အခန်း ၁၀၄ ခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါဘဏ်က အသိပေးထားသည်။
Apr 12, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ပါဝင်သော ဒုတိယ အဖွဲ့သည် ယနေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
Apr 12, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူ ၄၈၆ ဦး တက်ရောက်သည်။
Apr 12, 2024
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Apr 12, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာအုပ်စုအတွင်း ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစု၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
Apr 12, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခါသမယတွင် မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ကြသည်။
