Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းရှိန် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံများသို့ ကွင်းဆင်းအားပေး

ရန်ကုန် ဩဂုတ် ၃၀

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd. ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd. အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်းဖိနပ်စက်ရုံနှင့် Sen Yu Clothings Corporation Co.,Ltd. အထည်ချုပ်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက CMP လုပ်ငန်း များအပါအဝင် စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်စေရေး ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း။

CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ စက်ရုံတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်