Skip to main content

Apr 14, 2024

၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအတာသင်္ကြန်မဏ္ဍပ်နေရာအသီးသီး၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၌ကျင်းပသည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိရေ ကစားမဏ္ဍပ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ၏ ပျော်ပျော်ရွှင်ရွှင်ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ပျော်ပျော် ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်း ခြင်း” ဟု အနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါ မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှအညစ်အကြေးများ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းဆေးကြောလေ့ရှိကြပြီးရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူ များကိုအေးမြစေကြောင်း ရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့ များနှင့် Dancer အကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကိုဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန်ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးဝင်းအတွင်းကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပသည်။  

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2024

မိမိတို့နိုင်ငံသည် နိုင်ငံသူနိုင်ငံသားတို့အား ဘာသာရေးလွတ်လပ် ခွင့်ပေးအပ်ထားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသည်အများစု ကိုးကွယ်ယုံကြည်သည့် ဘာသာဖြစ်သည့်တိုင် အခြားဘာသာ သာသနာများကိုလည်း အသိအမှတ်ပြုကာ ချီးမြှောက်ထောက်ပံ့သည့် အစဉ်အလာမှာ ရှေးမြန်မာမင်းများလက်ထက်ကပင် ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲရန် ဝန်ကြီးဌာနမဏ္ဍပ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုဗဟိုဌာန (National Defence Management Center-NDMC) သို့ သွားရောက်လေ့လာ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကြိုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် နှစ်သစ်ကူးကံစမ်းမဲများ ဖောက်ပေးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲကို အတာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်‌ရေးအဖွဲ့ (ဗဟို) မှ ကိုယ်စားလှယ် ၉ ဦး၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၄ ဦး၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၂ ဦး၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၄ ဦး၊ စုစုပေါင်း ဘာသာ‌ပေါင်းစုံကိုယ်စားလှယ် ၃၉ ဦးတို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့‌နေ့လယ်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားပွဲနှင့် ယိမ်းအကဖျော်ဖြေပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးသစ်ရှေ့ ရေကစားမဏ္ဍပ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်း မိသားစုအချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီညွတ်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရေးအတွက်နှစ်သစ်တွင် စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေစေရန်နှင့် ၂၀၂၅ ခုနှစ်တွင်ကျရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့် မြန်မာနှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် (၆) ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်