Skip to main content

Sep 25, 2024

ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်အလှူငွေများကို လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့ စကား” အစီအစဉ်မှ “ကိုယ်တိုင်လည်း အဖြစ်မရှိ၊ ကူညီသူသာ ဝေဖန်ပြစ်တင်လျက် ပြည်ဖျက် PDF” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2024

နေပြည်တော်၊ ဇေယျာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီ ၁၀ မိနစ်မှစ၍ MWD HD Channel ၊ MWD Variety HD Channel ၊ MWD Education, Knowledge & Sports Channel ၊ MRTV HD Channel နှင့် MRTV Parliament တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီး အကောင်အထည်ဖော်ရန် ရက်ပိုင်းမျှသာလိုတော့သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုကို ကမ္ဘာ့အလယ်တွင် ပြသနိုင်တော့မည်ဖြစ်သည်။ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်စွမ်းပကားဖြင့် မည်သူ့အကူအညီမှမပါဘဲ ပြည်တွင်းမှ စုစည်းညီညွတ်သော အင်အားများနှင့် အမျိုးသားရေးလုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်ကြမည်ဖြစ်ရာ ပြည်သူအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမည်ဟု ယုံကြည်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2024

သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ချိန်၌ သတိပြုကြရမည့်အရာများတွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများလည်း ပါဝင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေချိန်၊ ထိတ်လန့်မှု၊ မတည်မငြိမ်မှုများ ဖြစ်ပေါ်နေချိန်တို့တွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများ ထွက်ပေါ်ပျံ့နှံ့လာလေ့ရှိပြီး အခြေအနေကို ပိုမိုရှုပ်ထွေးဆိုးရွားသွားစေနိုင်သည်။ ဘေးအန္တရာယ်များနှင့် ကောလာဟလများ၊ သတင်းမှားများ ယှဉ်တွဲဖြစ်ပေါ်ခြင်းမှာ မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများမှာလည်း ဖြစ်ပေါ်ကြောင်း တွေ့ရှိနိုင်ပြီး ဘေးအန္တရာယ်ဖြစ်ပေါ်မှု၏အဆင့်တိုင်းတွင် ယင်းနှင့်လိုက်လျောညီထွေသည့် သတင်းမှားများပါ ထွက်ပေါ်လာခြင်းဖြစ်ရာ စဉ်းစားချင့်ချိန်ပြီးမှ အတည်ပြုကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကုန်းတန်းလေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ကုန်းတန်းလေးရွာတွင် အကြမ်းဖက်သမားများက ပြည်သူများကိုခြိမ်းခြောက်၍ အတင်းအဓမ္မ ဆက်ကြေးကောက်နေပြီး နေအိမ်အချို့နှင့် ကျေးရွာအတွင်းရှိ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင်ထားရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် မိုင်းများအား သွားရောက်ရှင်းလင်းဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် နေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲရာမှ လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၅၄ မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်အလှူရှင်တို့က ရာဂီတိုင်ဖွန်းမုန်တိုင်းတိုက်ခက်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာအလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) စစ်လက်ရုံးရွေးချယ်ပွဲနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့သို့ သီးခြားစီ တက်ရောက်စိစစ်ရွေးချယ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ပြည်သူများရေဘေးသင့်ခဲ့၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ ဥတ္တရာရုံကျောင်းတိုက်ရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများမှ လာရောက်နေထိုင်သူပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ပေးပြီး ဆေးဝါးများလှူဒါန်းပေးခြင်းကို စက်တင်ဘာလ (၂၂) ရက် နေ့လယ်ပိုင်းက အဆိုပါဥတ္တရာရုံကျောင်းတိုက်ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၅-၉-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၉-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅၇၀၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၀ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၅) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ပြည်နည်းပညာတက္ကသိုလ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သုတေသနပြပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုနှင့် ရွှေမြို့မသမဝါယမအသင်းတို့ ပူးပေါင်း၍ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန်ကျေးရွာ၊ အင်းပေါခုံရွာနှင့် မိုင်းသောက်အင်းရွာတို့ရှိ ရေဘေးသင့်သမဝါယမအသင်းသားများနှင့်  ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို အသင်းအမှုဆောင်များက အဆိုပါကျေးရွာများသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ တရားမဝင် အခြားသစ်သုညဒသမ ၅၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၃၇)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၂၄၃၇ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျီးနီကန်ဆည်ရေသောက်စနစ် ရေပေးတူးမြောင်းအချို့ ‌ရေတိုက်စားသဖြင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားကြီးများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တမံနှင့် ရေတံခါးကြံ့ခိုင်မှု၊ အရန်ရေပိုလွှဲနေရာကို ယာယီဆောင်ရွက်ထားရှိမှုနှင့် ရေလှောင်ကန်အတွင်း သဲနုန်းပို့ချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်