Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရှုလ် ကရင် ခမ် ချောင်ဒရီ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဒါကာမြို့၌ အိမ်ရှင်အဖြစ် ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ထရန်စဖော်မာဝယ်ယူနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd.တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 21, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 21, 2020
ထားဝယ် ဇန်နဝါရီ ၂၁
အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ ကျင်းပသည်။
Jan 21, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် United States Institute of Peace (USIP) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ
Jan 21, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
Jan 21, 2020
နေပြည်တော် ဇန်နဝါရီ ၂၁
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jan 21, 2020
တောင်ကြီး ဇန်နဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့် အဖွဲ့များသည် ဒေသန္တရ ဖွံဖြိုးရေး အတွက် မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၂)၌ ကျင်းပခဲ့သည်။
Jan 21, 2020
လွိုင်ကော် ဇန်နဝါရီ ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်း အဝင်လမ်း ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်က သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
Jan 21, 2020
ဟိုပုံး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ဗော်ဟွန်းကျေးရွာရှိ ခမ်းဓနပြောင်းနှင့် အစေ့အဆံအခြောက်ခံစက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။