Skip to main content

Jan 25, 2020

 

နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ ပညာရည်ဖွံ့ဖြိုးတိုးတက်နေမှုသည် ထိုနိုင်ငံ အေးချမ်း သာယာ ဝပြောမှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ပညာရည်ပြည့်ဝသော၊ အသိဉာဏ်ပညာမြင့်မားသော နိုင်ငံသူ နိုင်ငံ သားများ ဖြစ်ပေါ်လာရန်အတွက် ထိုနိုင်ငံရှိ ပညာရေးစနစ်ကောင်းခြင်း၊ မကောင်းခြင်း အပေါ်တွင် မူတည် ပေသည်။ ထို့ကြောင့် မျက်မှောက်အရေးထက် အနာဂတ် အရေးကို မျှော်တွေး၍ ကောင်းမွန်သော ပညာရေး စနစ်ကို နိုင်ငံများက ရင်းနှီးမြှုပ်နှံနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ    ၂၄

                   

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပထမသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂၃ရက်နှင့် ၂၄ ရက်တို့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ ၂၄

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများ၊  မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ တော်ဝင်ကလေးကျန်းမာပညာ အဖွဲ့မှပညာရှင်များ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ ၂၄

 

နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ ၂၄

 

Yangon Amata Smart and Eco City စီမံကိန်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Asia (Myanmar) Limited တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Yangon Amata Smart and Eco City Limited တို့အကြား မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် Yangon Amata Smart and Eco City စီမံကိန်း၏ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များဗီဒီယိုဖိုင်ကို ပြသသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ ၂၄

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြ သည်။

 

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

ရေကြည် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေး စာပေပွဲတော် (ရေကြည်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေကြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

ရန်ကုန် ဇန်နဝါရီ ၂၄

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သာစည်ဘူတာမှ အမှတ် (၁၄၇) အဆန်ရထားဖြင့် ပထမလွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်အား လွန်းထိုးရထားလမ်းအကြောင်း မေးမြန်းပုံနှင့် ၎င်းဘူတာအနီး ထမင်းလှည့်လည်ရောင်းချနေပုံ၊ ပထမလွန်းထိုးဘူတာမှ ဆင်တောင်ဘူတာသို့ အမှတ်(၁၄၁) အဆန်ရထားဖြင့် စီးနင်းလိုက်ပါပုံ၊ ခရီးသည်များအား ခရီးစဉ်နှင့်အလုပ်အကိုင်များအကြောင်းမေးမြန်းပုံ တို့ကိုရိုက်ကူးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော် ဇန်နဝါရီ ၂၄

 

ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

 

ရန်ကုန်  ဇန်နဝါရီ  ၂၃

မြေလတ်မောင်မြင့်သူ ရေးသားသည့် “ကြယ်အလင်းနဲ့ လှရအောင်” ကလေး ကဗျာ များ စာအုပ်မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ ကဗျာ စာအုပ်သည် ၂၀၁၅ ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆုရ စာမူဖြစ်ပြီး အာဆီယံ နိုင်ငံများမှ ကလေး များအတွက် ဗဟုသုတရစေမည့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် ကဗျာ ၇၅ ပုဒ် ပါဝင် သည်။

ဆက်လက်ဖတ်ရှုရန်