Skip to main content

Aug 17, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လူငယ်ကဏ္ဍနှင့် ပညာရည်မြင့်မားရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2025

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF)၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ကို မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်း စ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2025

စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှုကော်မတီ၊ သံမဏိစက်ရုံစီမံကိန်းများ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်ဆောင်ရွက်မည့်အဖွဲ့၊ စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းနင်မြို့၌ (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်သည့်ကာလအတွင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရက်ဆုတ်ခ်ခွန်းနှင့် ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင်လည်းကောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2025

နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ပြည်သူ တစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အစားအသောက်များကို ပြည့်ပြည့်ဝဝ ဖူဖူလုံလုံစားသုံးနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်နိုင်ပါက မျှော်မှန်းသက်တမ်း မြင့်မားလာမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူထားသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကောက်ယူထားသောစာရင်းအရ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူ နိုင်ငံသား ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2025

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂ဝ၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး မစ္စစ် အေယာမိုဟာမက်အာဘ်ဒယ်ကာရင်ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

စွမ်းအင်ဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်နှင့် ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံးကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်၍ လယ်ယာသုံးပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ညောင်တုန်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2025

ဒီနေ့မှာတော့ နိုင်ငံခြားမီဒီယာများအပါအဝင် မီဒီယာတွေမေးမြန်းနေတဲ့ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှာ ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက လူမျိုးတုံးသတ်ဖြတ်ခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောကြားသွားမှာ ဖြစ်ပါတယ်။ ထန်းရှောက်ခံရွာဆိုတာ မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းဘူးသီးတောင် - ရသေ့တောင် ကားလမ်းဘေးမှာရှိတဲ့ ဘင်္ဂါလီကျေးရွာဖြစ်ပြီး ဒေသအခေါ် ဟိုယာဆီးရီးလို့လည်း ခေါ်ကြပါတယ်။

ဆက်လက်ဖတ်ရှုရန်