Aug 19, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Myanma Pesticides Industry Co., Ltd. ၏ တမာပိုးသတ်ဆေး ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုတိုးတက်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။
Aug 19, 2025
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 19, 2025
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး များဖြစ်ကြသည့် ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးသိန်းကိုကို၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၅(မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၅(ရန်ကုန်)၊ ၇၆/၂၀၂၄(မန္တလေး)၊ ၁၄/၂၀၂၅ (ရန်ကုန်)၊ ၁၅/၂၀၂၅(ရှမ်း) စုစုပေါင်းရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက်ချမှတ်သည်။
Aug 19, 2025
ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Aug 19, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး၊ ကျောက်ဆည်ခရိုင်ရုံး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံးနှင့် ချောက်မြို့နယ်ရုံးတို့သို့ရောက်ရှိပြီး ရုံးနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
Aug 19, 2025
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Aug 19, 2025
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Aug 19, 2025
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် မတ်လမှစတင်၍ ဝါဒရေး၊ လူမျိုးရေး၊ နိုင်ငံရေးခံယူချက်မတူညီမှုများကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များ ပေါ်ပေါက်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ မအောင်မြင်သော်လည်း ပြည်တွင်း၊ ပြည်ပပယောဂများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေလိုသူများကြောင့် ယခုထက်တိုင်သက်တမ်းရှည်နေသည်ဟု သုံးသပ်မိပါသည်။
Aug 19, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။”ဟူသော ဦးတည်ချက်လည်းပါဝင်သည်။ သို့ဖြစ်ရာ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မှီနေပြီး စိုက်/မွေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိသည်။
Aug 18, 2025
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း
Aug 18, 2025
၁။ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်။
Aug 18, 2025
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်တွင် တည်ဆောက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာ Ethnic Centerကို ကြည့်ရှုစစ်ဆေးသည်။
Aug 18, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 18, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံနှင့် သာစည်မြို့နယ် ကုန်းတောင်းကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ လက်ရှိအသားတိုးဝက် မွေးမြူထားရှိမှုနှင့် ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Aug 18, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်စာရင်းစစ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Aug 18, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီး (Referee) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
Aug 18, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများ ကိုလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများကလှူဒါန်းသည့် ကြေးဗုဒ္ဓ ဆင်းတုတော်၊ ဓမ္မစေတီ၊ ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကာ သီတဂူဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
Aug 18, 2025
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှုဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ခဲ့သည်။
Aug 18, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Aug 18, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
