Aug 24, 2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး(ဟောင်း)များ ဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့်တို့နှင့် ဆက်စပ်တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
Aug 24, 2021
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ 4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ယနေ့တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ)မှ ကိုယ်စားလှယ် အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြသည်။
Aug 24, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Aug 24, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Aug 24, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသောကာလတွင် ပြည်သူများကြား၌ အိမ်သုံး ဆေးဝါး လိုအပ်ချက်များ မြင့်မားလာသည်ကို တွေ့ရသည်။ အခြေခံအိမ်သုံး ဆေးဝါးများနှင့် ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲရသောဆေးဝါးများ ဝယ်ယူရာတွင် လူသုံးများ ရှားပါးသည့် နာမည်ကြီးဆေးဝါးများကို ဝယ်ယူရန် မလွယ်ကူဘဲ ဈေးနှုန်း အဆမတန်ကြီးမြင့်ပြီး ခက်ခက်ခဲခဲ ဝယ်ယူသုံးစွဲနေရသည်။ ဆေးဝါးပစ္စည်း သာမက အခြားကုန်ပစ္စည်းများတွင်ပါ ရှားပါးနေသော အခါ၌ ဈေးအဆမတန် တက်နေသည်မှာ အစဉ်အလာလိုဖြစ်နေသည်။ ။
Aug 24, 2021
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့လူသားတို့အပေါ် ကျန်းမာရေးကဏ္ဍ ကိုသာမက အခြားကဏ္ဍများကိုပါ ထိခိုက်မှုကြီးမားသည်။ ကိုဗစ်-၁၉ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ အထိနာခဲ့ရာ နိုင်ငံငယ်များအဖို့မူ ဆိုဖွယ်ရာမရှိတော့။ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့များ အလုံပိတ်၊ သွားလာမှုများ တားဆီးကန့်သတ်၊ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာမှုများ ရပ်တန့်၊ နယ်စပ်ဖြတ်သန်း မှုများကို ပိတ်ဆို့၊ နိုင်ငံအတွင်းသို့ ရေကြောင်း၊ လေကြောင်းဝင်ပေါက်များ ပိတ်ထားခြင်း အားဖြင့် ရောဂါကူးစက်မှုများ လျှော့ချတားဆီးနိုင်သည်နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံစီးပွားရေး ကျုံ့ဝင်သွားခြင်း၊ ကျဆင်း သွားခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။
Aug 23, 2021
လယ်ယာကဏ္ဍတွင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အထိ စက်ကိရိယာများကို အသုံးပြုလုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အဆိုပါ စက်ကိရိယာများနှင့် ပတ်သက်သည့် စီမံခန့်ခွဲခြင်း၊ တီထွင် ဆန်းသစ်ခြင်း၊ လက်တွေ့အသုံးချ သုတေသနဆောင်ရွက်ခြင်း လုပ်ငန်းများအတွက် လိုအပ်လာလျက်ရှိသည့် စိုက်ပျိုးရေး အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Aug 23, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Aug 23, 2021
(၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (42nd General Assembly of ASEAN Inter-Parliamentary Assembly)ကို ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက Virtual စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ကြသည်။