May 05, 2022
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကို မေ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
May 05, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 05, 2022
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မန်းသိင်္ဂါ”ရုပ်စုံသဘင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို မေ ၇ ရက် စနေနေ့ ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
May 05, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 05, 2022
ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘယ်လာရုစ်သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ဗလာဒီမာဂိုရှင်း ၏ နေရာတွင် မစ္စတာ အူလာဇမီယာဘာရာဗီကူ အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
May 05, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (စတုတ္ထနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၂၅၅၁ ပါး အနက် ၉၅၃၅ ပါး ဖြေဆိုကြသဖြင့် ၇၅ ဒသမ ၉၇ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရှိရသည်။
May 05, 2022
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
May 05, 2022
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း အဆောက်အအုံ၌ ကျင်းပသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံအမှာစကားပြောကြားသည်။