Skip to main content

May 10, 2022

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2022

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ် ၅၀/၂၀၂၀ (ပဲခူး)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2022

လူတို့၏ သဘာဝအရ အလုပ်အကိုင်အဆင်ပြေပါက တက်ကြွရွှင်လန်းနေတတ်သည်။ အလုပ်အကိုင်အဆင်မပြေပါက စိတ်လက်မကြည်သာဖြစ်တတ်သည်။ မသင့်သောအလုပ်အကိုင် လုပ်ကိုင်မိသောကြောင့် အန္တရာယ်ဖြစ်သောသူ အချို့လည်းရှိသည်။ ထို့ကြောင့် အလုပ်အကိုင်သည် လူတစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အရေးကြီးသောကိစ္စဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2022

ရှေးခေတ်မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများတွင် အခြေစိုက်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစမြဲဖြစ်ပြီး ထိုကျောင်းများတွင် ကျေးရွာမှ ကလေးငယ်များ မြန်မာစာအခြေခံသင်ပုန်းကြီးကို စတင် သင်ယူကြရသည်။ ပုတ္တောဝါဒဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက်အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ် လုံ့လ၊ မကြာရခင်၊ ဓိပ္ပါယ်ငင်၍၊ သိမြင်စိမ့်ကြောင်း...” ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး၏ သင်ရိုးညွှန်းတမ်းကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီးကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလသုတ်ကို အဓိပ္ပာယ်နှင့်တကွ နားလည်သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးအနီး မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းရှိ သာစည်ကျေးရွာမှ ခေတ္တလာရောက်နေထိုင်သည့် မရွှေစော(ဘ)ဦးစောထွန်းသာ၏ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း နေအိမ်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ထမင်းဟင်းချက်ပြုတ်ထားသော မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျောက်တော်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာယီတိုက်ပွဲရှောင်စခန်းမှ ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

(၉-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဦး‌ဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ ကိုးဆူစစ်ဆေး‌ရေးဂိတ်၌ လိုင်စင်မဲ့ TOYOTA RACTIS အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်