May 22, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
May 22, 2022
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းသုံးဦးလိုက်ပါလာသည့် ဘဏ်ငွေသိမ်းယာဉ်သည် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများမှငွေများအား လိုက်လံ သိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၂)ရပ်ကွက် ပင်လုံလမ်းနှင့် နဝဒေး လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့အရောက်တွင် ယာဉ်အားရပ်တန့်ကာ မော်တော်ယာဉ်၏ နောက်တံခါးအားဖွင့်နေစဉ် နောက်မှလိုက်ပါလာသည့် YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသားသုံးဦးဆင်းလာပြီး ဘဏ်ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်ကာ ငွေသိမ်းယာဉ်ပေါ်မှပီနံအိတ်လေးလုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အားလုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်း၌အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
May 22, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့်မော်တော်ယာဉ် ၁၃ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၀၆၅၁၅၄)ကိုလည်းကောင်း၊ FDA ထောက်ခံချက်မရရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးဆက်စပ်ပစ္စည်းများဖြစ်သည့် လက်သန့်ဆေးများနှင့် Test Kit များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၃၆၂၇၈)ကိုလည်းကောင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 22, 2022
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌဒေါ်ချိုချိုတင် (မစန္ဒာ) နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်စာရေးဆရာအသင်းများမှ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။
May 22, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီးအစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 22, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းအမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
May 22, 2022
မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုကာကွယ်ရေးနှင့် ငါးသယံဇာတထိန်းသိမ်းနိုင်ရေးအတွက် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူမျာအား ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို မေ ၁၈ ရက်ကပြုလုပ်သည်။
May 22, 2022
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊စစ်သည်၊အရာထမ်း၊ အမှုထမ်းများနှင့်စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းလျက်ရှိသည်။
May 22, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 22, 2022
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက်ကိုယ် စိတ်နှလုံးချမ်းမြေ့ဖွယ်ရာမျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှပါသည်။ မိမိတို့တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့် အတွက်မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။