Skip to main content

May 26, 2022

နိုင်ငံ့ဝန်ထမ်းများကို အရည်အချင်းပြည့်ဝပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၌ ဘွဲ့လွန်ပညာရပ်များသင်ကြားနိုင်ရန် စိစစ်ရွေးချယ်စေလွှတ် တက်ရောက်စေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ သတင်းအမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးအတွက် သတင်းအမှန် ပြည်သူ့ထံခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မေ ၂၅ ရက်က အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း၏ မိဘအုပ်ထိန်းသူများသည် ပူပန်ကြောင့်ကြမှု တစ်စုံတစ်ရာမရှိဘဲ စိတ်ချမ်းမြေ့စွာဖြင့် မိမိတို့၏ ရင်သွေးများအား စတင်ကျောင်းအပ်နေကြပြီ။ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိသော်လည်း မိမိတို့တတ်နိုင်သလို လိုအပ်သမျှကို ဖြည့်ဆည်းပေးကြသည်။ မတတ်နိုင်လျှင်လည်း စိတ်ပျက်အားငယ်စရာမလိုပေ။ လိုရင်းမှာ ပညာတတ်မြောက်ရေးသာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2022

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ဖမ်းဆီးခံရသည့်သတင်းများကို ဆက်တိုက်ဆိုသလို တွေ့ရှိနေရသည်။ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်လမ်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးဝင်ကြရာမှ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုင်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများစု သွားရောက်အလုပ်လုပ်ကိုင်သည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ၍ ရှိနေသည်။ မြန်မာအလုပ်သမားများအဖို့ ထိုင်းသည် လုပ်ခဆွဲဆောင်မှုရှိခြင်း၊ စရိတ်ကုန်ကျမှုနည်းခြင်း၊ အလွယ်တကူသွားလာနိုင်ခြင်း စသည့်အချက်များကြောင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအားရှေးရှု၍ အခြေခံပညာစာသင်ကျောင်းများအား မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကိုလိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေမှုများအား တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကော့သောင်းမြို့နယ်၊ ဂျလန်းကျေးရွာရှိ ကရဝိတ်ဘုရား၌အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်