Skip to main content

Jun 16, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

(၁၃)ကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ ဇွန် (၁၃) ရက်မှစတင်ပြီး Virtual စနစ်ဖြင့်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဆွေက အလှည့်ကျဥက္ကဋ္ဌအဖြစ် တက်ရောက်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

(၁၉)ကြိမ်မြောက် အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၆)ကို “ နိုင်ငံတော်၏ပုံသေပိုင်ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့်ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄ (၂၀၂၂)ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၅၃၈၈) ဦးအနက် (၁၃၇၁)ဦးအောင်မြင်၍ (၂၅.၄၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ (၆၀၇၆) ဦး အနက် (၂၇၂၆) ဦးအောင်မြင်၍ (၄၄.၈၇) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ (၁၀၈၈၀)ဦးအနက် (၂၀၅၁) ဦးအောင်မြင်၍ (၁၈.၈၅) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ (၁၆၃၈၉) ဦးအနက် (၉၄၆၅) ဦးအောင်မြင်၍ (၅၇.၇၅) ရာခိုင်နှုန်း အောင်မြင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine CIPOLLA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သော အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့နံနက် ၁၁ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ဇွန် ၁၃ ရက်နှင့် ဇွန် ၁၄ ရက်များတွင် မော်လမြိုင်အချုပ်ထောင်ကိုလည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်နှင့် ကျိုက်မရော မြို့မရဲစခန်းကိုလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်းနှင့် မုပွန်နယ်မြေ ရဲစခန်းတို့ကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်