Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက်မွန်(န)ဝါဟူစိန်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန်အား ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်