Skip to main content

Mar 05, 2025

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံမြစ်ကူးတံတားအနီးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်လျှဲန်းကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၅၁၀) နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၈၀ (တစ်ပြားလျှင် ၄၀၀၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၉၂ သိန်း) ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က Ayeyarwaddy Times အမည်ရှိ Facebook Page တွင် ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်ထားဝယ်မြို့တို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် ရက်သတ္တခြောက်ပတ်ဖြင့် သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ရာဂီမုန်တိုင်းအရှိန်ဖြင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပြန်လည်လုပ်ကိုင်နိုင်ကြစေရန် မွေးမြူရေးတိရစ္ဆာန်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ပညာရေးဝန်ကြီးဌာန (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ်၌ကျင်းပ၍ သုတေသနစာတမ်းများကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တို့၌ မတ် ၉ ရက်မှ ၁၁ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုများ၊ နွေစပါးကို မျိုးစေ့ချကိရိယာ (Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) ၊ အမှတ် (၈) ၊ အမှတ်(၁၁) နှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁) နှင့် အမှတ် (၁၄) အခြေခံပညာအလယ်တန်းကျောင်းများသို့သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ် မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ် နှင့် အသက်(၈၅)နှစ် အထက် သက်ကြီးများအား ထောက်ပံ့သော လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများ ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ထောက်ပံ့ကြေးငွေထုတ်ယူနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံကို အလည်အပတ်ခရီးလာရောက်တဲ့အတွက် ကြိုဆိုပါတယ်။ နှစ်နိုင်ငံအကြားမှာ စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုကို အဓိကထားဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ဆိုဗီယက်ပြည်ထောင်စုကနိုင်ငံများအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ နောင်ဆိုဗီယက်ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့ပါတယ်။ ပြီးတော့ ပညာရှင်များကိုလည်း ကူညီပေးခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးနယ်ပယ်၌ အရေးကြီးတဲ့စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို အားပေးကူညီလျက်ရှိပြီး မြန်မာစက်မှုစီးပွားရေး အခန်းကဏ္ဍမှာလည်း အကူအညီပေးပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေကိစ္စရပ်များ ကောင်းမွန်စေဖို့အတွက်ကိုလည်း ထောက်ခံအားပေးနေပြီးတော့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ ဆတက်ထမ်းပိုးဖွံ့ဖြိုးတိုးတက်စေဖို့ပါရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး ယခင်က သန်း ၂၀၀၀ ခန့် ရှိပါတယ်။ ကျွန်တော်တို့ အပြန်အလှန်ကုန်သွယ်ရေးကို တိုးတက်စေဖို့ အဆင်သင့်ရှိပါတယ်။ ချေးငွေနဲ့ဘဏ္ဍာရေးနယ်ပယ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

ယခုရက်ပိုင်းတွင် ပြည်သူများကြားရှိ လူမှုကွန်ရက်များ၌ အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ အသိပေးပြောဆိုမှုများ ကြားသိရပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အသည်းရောင်အသားဝါ (အေ) ပိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2025

အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးနှိုးဆော်လျက်ရှိသည်။ ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့်အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသရန် တိုက်တွန်းထားပြီး မြို့နယ်အချို့တွင်လည်း အသည်းရောင်အသားဝါ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2025

မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်‌ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်