ရန်ကုန် ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝူရှူး အားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+ ခိုင်စန္ဒာစိုးအတွဲ၊ အမျိုးသား ဆန်းဆို (၇၀ကီလို) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ မျိုးမင်းထက်နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာရာအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပြိုင်ပွဲဝင်အားကစား သမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။
သတင်းစဉ်
