နေပြည်တော် ဒီဇင်ဘာ ၁၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matser-udin အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားပြီး နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားကဏ္ဍအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
