Skip to main content

Oct 07, 2025

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ အောက်တိုဘာ ၄ ရက်တွင်အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသားခြောက်ဦး၊ မလေးရှားနိုင်ငံသားသုံးဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၀ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား “ဝန်ထမ်းမိသားစုများ သီတင်းကျွတ်ပွဲတော်” ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာအစဉ်အလာအရ ဘုရားရှင်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်သည့် ကုသိုလ်ကောင်းမှုများပြုလုပ်ကြရာ ယနေ့ညနေပိုင်းက အမရပူရမြို့နယ်ရှိ ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးတွင် ဒသမအကြိမ်မြောက် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာဆာဂေး လူကာရှယ်ဗစ်ချ်တို့ဦးဆောင်၍ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ညပိုင်းတွင် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ကာ မီးထွန်းပွဲတော်အစီအစဉ်များကျင်းပပြီး မြို့လုံးအနှံ့စည်ကားလျက်ရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ယနေ့သည် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကိုကျင်းပကြရာ အဘိဓမ္မာဒေသနာ တော်တရားသံများဖြင့် အေးချမ်းသာယာလျက်ရှိပြီး ကုသိုလ်ကောင်းမှုပြုကြသူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်တေးဂီတအဖွဲ့၏ ဒုတိယမြောက် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၁) မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ (၂) ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့်စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ (၃) မြန်မာ့ရိုးရာ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေးနှင့် (၄) နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဦးတည်ချက်(၄)ရပ်ဖြင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် စတင်ကျင်းပနေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2025

အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဝိသေသလက္ခဏာဖြစ်ပြီး အဆို၊ အက၊ အရေး၊ အတီးဟူသော အနုသုခုမပညာရပ်တို့မှာ ကြီးမားကျယ်ပြန့်လှသည့် အမျိုးသားယဉ်ကျေးမှုနယ်ပယ်တွင် အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်သည်။ မိမိတို့၏ ဘိုးဘွားမိဘများသည် သမိုင်းကြောင်းတစ်လျှောက် အမျိုးသားယဉ်ကျေးမှုကို အဆင့်အတန်းမြင့်သည်ထက်မြင့်အောင်မြှင့်တင်ခဲ့ကြသကဲ့သို့ ကောင်းသည့်အမွေအနှစ်များကိုလည်း စဉ်ဆက်မပြတ်တည်တံ့အောင် ထိန်းသိမ်းခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2025

သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့်အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2025

တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 06, 2025

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်