Mar 04, 2026
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Mar 04, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များရှိ အားကစားကွင်း၊ အားကစားရုံများကို ကွင်းဆင်းကြည့်ရှုသည်။
Mar 04, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရေကူးအသံလွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 04, 2026
၂၀၂၆ ခုနှစ် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ အရာရှိ၊ အရာခံ၊ အကြပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ရေးဖြေနှင့် တပ်သားအဆင့် ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြ သည်။
Mar 04, 2026
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
Mar 04, 2026
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
Mar 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် မင်္ဂလာရှိသော တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ကာလတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းခြင်းအမိန့်များအား ထုတ်ပြန်ကြေညာခဲ့သည်။
Mar 04, 2026
ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
Mar 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Mar 03, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 03, 2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Mar 03, 2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင်ကျင်းပသည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်သည်။
Mar 03, 2026
မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Motor Corporation Public Co., Ltd. မှ ISSUZU အမှတ်တံဆိပ် မော်တော်ယာဉ်များကို SKD စနစ်ဖြင့် ကိုယ်ထည်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 03, 2026
ရခိုင်ပြည်နယ် စစ်တွေမြို့ ရန်အောင်ဇေယျ သုခမင်္ဂလာစေတီတော် ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ ရှင်သီဝလိနှင့် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်နှစ်ပါး ဆင်းတုတော်ကျောင်းဆောင်နှင့် ဇေယျမင်္ဂလာကန်တော်ဆယ်ယူ၍ ကန်ပေါင်မြှင့်ခြင်း ရေစက်ချအလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ပြုလုပ်ရာ အဆိုပါ မြို့ရှိ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသအမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
Mar 03, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့နယ် ဝေဠုဝန်ဘုန်းကြီးကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းကြီးကျောင်း၌ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Mar 03, 2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ကျင်းပပြုလုပ်ရာ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏအမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
Mar 03, 2026
၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်းကို ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 03, 2026
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
Mar 03, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်တက္ကသိုလ်များ နယ်မြေ (ရေဆင်း)၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Mar 03, 2026
မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားဦးကြီးများကို လေးစားဂုဏ်ပြုသည့် တောင်သူလယ်သမားနေ့ဖြစ်သည်။ ပြည်သူများ နေ့စဉ်စားရေးအတွက် တောင်သူလယ်သမားဦးကြီးများသည် နေပူမိုးရွာမရှောင် အပင်ပန်းအဆင်းရဲခံ၍ ကြိုးပမ်းလုပ်ကိုင်နေကြသည်ကို လေးစားဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် အားပေးမြှင့်တင်သောအားဖြင့်လည်းကောင်း နှစ်စဉ်နှစ်တိုင်း ဤနေ့ဤရက်တွင် အထူးဂရုပြုဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
