May 25, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အလယ်ပေါင်းလောင်းရေအား လျှပ်စစ် စီမံကိန်း တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 25, 2021
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိ ညောင်ပင်တွင် ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
May 25, 2021
ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သော ကဆုန်လပြည့်နေ့၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဇနီး ဒေါ်ခင်သွယ်သွယ်မြင့် တို့ကိုအမှူးထား၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မိသားစုက နေပြည်တော် တပ်ကုန်းမြို့ မြို့မသီဟနာဒ ကျောင်းတိုက်ရှိ သံဃာတော် ၃၅ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ သင်္ကန်း၊ ဆွမ်း ဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
May 25, 2021
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီ တော်မြတ်ကြီး ပရဝုဏ်အတွင်း အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၁)ကြိမ် မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် အကြိမ် (၄၀)မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပသည်။
May 25, 2021
ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ် ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 25, 2021
လတကာတို့တွင် ကဆုန်လကို မွန်မြတ်သောလဟု ယူဆထားကြသည်။ အကြောင်းကား ဗုဒ္ဓ ရှင်တော်မြတ်ဘုရားသည် ကဆုန်လမှာပင် (၁) ဖွားမြင်တော်မူခဲ့သည်။ (၂) ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ (၃) ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်း တို့သည် ကဆုန်လကို လတကာလတို့ထက် အလေးအနက်ပြုကြလျက် လေးစားရိုကျိုး မြတ်နိုးကြ သည်။
May 25, 2021
“အဖန်ဖန်ဇာတိဖြစ်ရခြင်းသည် ဆင်းရဲလှ၏။ ထို့ကြောင့် ငါသည် ခန္ဓာအိမ် ဆောက်လုပ်သူကို ရှာဖွေခဲ့သည်။ မတွေ့သဖြင့် ဘဝများစွာ သံသရာမှာ ကျင်လည်နေခဲ့ရသည်။ အသင်လက်သမား၊ ယခုသင့်အား ငါတွေ့ပြီ။ သင်သည် ခန္ဓာအိမ်ကို နောက်ထပ်ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ ကိလေသာအခြင် ရနယ်တို့ကို ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာခေါင်မိုးတို့ကို ဖျက်ဆီးအပ်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ။ တဏှာ၏ကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ”
May 24, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မေ (၂၂) ရက် နံနက် (၈) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းအားကစားသမားများ အိပ်ဆောင် (၄) ထပ်၊ စားရိပ်သာနှင့် မီးဖိုဆောင်များ ဆောက်လုပ်နေမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း၌ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့ လက်ရွေးစင်သေနတ်ပစ် အားကစားသမားများ၏ မီတာ (၁၀) ရိုင်ဖယ်ပစ်ခတ်စဉ်၊ မီတာ (၅၀) စိတ်ကြိုက် ပစ္စတိုပစ်ခတ်စဉ်၊ (၂၅) မီတာ ပစ္စတို အမြန်ပစ် ပစ်ခတ်စဉ်များ လေ့ကျင့်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
May 24, 2021
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်း အဝေးခန်းမ (၁) ၌ ကျင်းပသည်။
May 24, 2021
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်တို့အပေါ် စွဲဆိုထားသည့် အမှုများနှင့်စပ်လျဉ်း၍ ယနေ့တွင် နေပြည်တော် ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ကြောင်း သိရသည်။
May 24, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေ ၂၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာရုံးခန်းမ၌ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ဒေသခံတိုင်းရင်းသားများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် နယ်မြေခံ တပ်နယ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများက သွေးအုပ်စု ခွဲခြားစစ်ဆေး ပေးနေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။
May 24, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
May 24, 2021
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူ ခွင့်ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို မေ ၂၄ ရက် နံနက် ၉ နာရီခန့်က တစ်ပြိုင် တည်းကျင်းပရာအလုံမြို့နယ်အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာ ခန်းမတွင် ကျင်းပသည့် အခမ်းအနားသို့ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များ တက်ရောက်သည်။
May 24, 2021
ကမ္ဘာတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ၂၀၂၀ - ၂၀၂၁ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ခေတ္တပိတ်ခဲ့ရကာ ပညာသင်ကြားမှုများကို ရပ်ဆိုင်းခဲ့ရသဖြင့် ပညာရေးကဏ္ဏအတွက် နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။
May 24, 2021
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်း အဝေးခန်းမ (၁) ၌ ကျင်းပသည်။
May 24, 2021
(၂၃-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၁၁,၆၂၆) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၂၆၂) ဦး ရှိပြီ ဖြစ်ပါသည်။
May 24, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် သည်။
May 24, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ၂၁ ရက်ည ၇ နာရီတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီအဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်၌ မသင်္ကာဖွယ် ဆာလာအိတ် နှစ်အိတ်အားတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင်လားရှိုးမြို့နယ်ကောင်းကြဲကျေးရွာအုပ်စုကောင်းတပ်ကျေးရွာနေ ဆန်လူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မျိုးမြင့်အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၈၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၄၅ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
May 24, 2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မေ ၂၂ ရက်က အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May 24, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။