May 23, 2021
ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင် များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ် များကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၌ တွေ့ဆုံသည်။
May 23, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
May 23, 2021
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက် များအား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးအတွက်ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။
May 23, 2021
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
May 23, 2021
တိုင်းဒေသကြီ၊ ပြည်နယ်အချို့ရှိ မြို့နယ်အချို့တို့တွင် နိုင်ငံတော်ပိုင်အဆောက်အဦများအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 23, 2021
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှု နှင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ပြည့်ဝစွာရရှိ စေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။
May 23, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထု များမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်းသိရသည်။
May 23, 2021
ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
May 23, 2021
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။
May 23, 2021
ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 23, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူများလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
May 23, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နိဂြောဓါရုံညောင်ပင်သာပရိယတိ္တစာသင် တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ၏ အဘိဓဇ မဟာရဌဂုရုဘွဲ့ ပူဇော်ပွဲကို ယနေ့တွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ နိဂြောဓါရုံညောင်ပင်သာ ပရိယတိ္တ စာသင်တိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 23, 2021
COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင်း ဘုရားပုထိုးစေတီများနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။
May 23, 2021
လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဦးမင်းဂေါင်က လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်သံများကို နေ့စဉ်နှင့်အမျှ ကြားနေရပါကြောင်း၊ လုံခြုံရေးကိစ္စဆိုလျှင် နံပါတ်တစ် ရဲတပ်ဖွဲ့နှင့်တပ်မတော်ကို လူတွေပြေးမြင်ကြကြောင်း၊ တကယ်ဆိုလျှင် အုပ်ချုပ်ရေး၏ အခြေခံယန္တရား မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လည်းအဓိက ပါဝင်ကြကြောင်း၊ အခြေခံ ကျသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် တရားဥပဒေစိုးမိုးရေးနှင့် ဒေသအတွင်းလုံခြုံရေးတွင် အဓိကတာဝန်ရှိ သည့်အတွက် အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲပြီး ရွေးချယ်ခန့်အပ်လိုက်သည့် အခါ အချို့ကိစ္စများမှာ မိမိတို့ထံသို့ ပြည်သူများမှ တက်လာသည့်အသံများ vopsiclopèa CRPHI NUG I PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးသား အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် အုပ်ချုပ်ရေးမှူးများ တက်လာသည်ကိုလည်း တွေ့ရှိရသည့်အတွက် ရပ်ကျေး၏ အခြေခံ အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သည့် အုပ်ချုပ်ရေးမှူးများကို စနစ်တကျ ပြန်လည်စိစစ်ပြီးရွေးချယ်ရန် ရှိ/မရှိနှင့် စနစ်တကျမှန်ကန်စွာနှင့် တကယ် ပူးပေါင်းဆောင်ရွက်လာသည့် အုပ်ချုပ်ရေးမှူးများ၏ မိသားစုဘဝလုံခြုံရေးကိုလည်း ဘယ်လိုတာဝန်ယူမလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
May 23, 2021
ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံကိုယ်စားလှယ်များ ချုပ်ဆိုခဲ့ကြသည်။
May 23, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် ပထမဆုံး လုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ၂၀၂၀ပြည့် နှစ်က ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်အနက် ၃၀၆ မြို့နယ်၏ မဲစာရင်းများကို စစ်ဆေးခဲ့သည်။ မဲစာရင်းစစ်ဆေးအဖြေထုတ်ရန် မြို့နယ် ကိုးမြို့နယ်သာကျန်ရှိပြီး မကြာမီတွင် မဲစာရင်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်သည်။
May 23, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေမှာ ဓာတ်ခွဲစစ်ဆေးနိုင်သမျှတွင် တွေ့ရှိရသည့် အရေအတွက်မျှကိုသာ သိခွင့်ရနေကြသည်။ များများစစ်ဆေးနိုင်မှ၊ မြန်မြန် စစ်ဆေးနိုင်မှသာ ပို၍သိနိုင်မည်ဖြစ်သော်လည်း ယင်းသို့ စစ်ဆေးနိုင်သည့်အခြေအနေတွင်မရှိ။ သို့ရာတွင် အများပြည်သူတို့အကြားတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် သဘောထား တို့ကလေးနက်မှုတို့ လျော့ပါးနေကြပြီဖြစ်သည်။ ရုံးတက်ရုံးဆင်းတို့ ပုံမှန်အခြေအနေအတိုင်း ရောက်ရှိနေခြင်း၊ စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင်စားသောက်ခွင့်တို့ရရှိနေခြင်း၊ ကျောင်း များပြန်လည်ဖွင့်လှစ်ခြင်း စသည်တို့နှင့်အတူ ကိုဗစ်-၁၉ ရောဂါသည်ပင် မရှိတော့သယောင် ခံစားလာမိကြသည့်သဘောပင် ဖြစ်သည်။