Dec 28, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ် ရှမ်းထိန်းကျေးရွာရှိ အောင်နိုင်ဝင်း၏ ဖူဆယ်ဘောလုံးကွင်းသို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိသည်။
Dec 28, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများမှာ ရွာ၏အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်အား သိမ်းဆည်းရမိခဲ့သည်။
Dec 28, 2021
ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်းနှစ်လုံးကို အချိန်မီဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်။
Dec 28, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
Dec 28, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ တစ်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ တင်သွင်းခဲ့ကြောင်း သိရှိရသည်။ အောက်စီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
Dec 28, 2021
မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက အားကစားဖြင့် မြန်မာ့ဂုဏ်ရောင်မြင့်မားခဲ့သည်။ မြန်မာတစ်မျိုးသားလုံးသည် မြန်မာ့ရိုးရာအားကစားကို တန်ဖိုးထားပြီး အားကစားဖြင့် ရွှေရောင်လွှမ်းသောခေတ်ကာလများကို ဖြတ်သန်းခဲ့ရဖူးသည်။ သို့သော် ခေတ်ကာလ ပြောင်းလဲလာသည့်အလျောက် မြန်မာ နိုင်ငံ၏ အားကစားကဏ္ဍအမျိုးမျိုး ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍအသီးသီး ပြန်လည် ဦးမော့လာရေး အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးသည်။
Dec 28, 2021
၂၀ရာစု ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ကမ္ဘာနှင့်ချီသည့် စစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသား သန်းပေါင်းများစွာ စစ်ပွဲများအတွင်း သေကျေပျက်စီးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား သည့်အခါ ဝါဒချင်းမတူ ဆန့်ကျင်သည့် မဟာအင်အားကြီးနိုင်ငံနှစ်ခုက ဦးဆောင်သည့် အရှေ့နှင့်အနောက် နိုင်ငံအုပ်စုနှစ်စု တို့အကြား စစ်အေးတိုက်ပွဲဟုခေါ်သည့် အားပြိုင်မှု ဆယ်စုနှစ်များနှင့်ချီ၍ ဖြစ်ပွားခဲ့သည်။ ၂၀ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု နိုင်ငံများမှာ စီးပွားရေးအရရော၊ ဝါဒရေးရာအရပါ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်စွမ်း ကင်းမဲ့မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီးတရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတို့ကို အခြေခံသည့် ဒီမိုကရေစီသို့ ဘက်ပြောင်းခဲ့ကြသည်။
Dec 27, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Dec 27, 2021
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့အနေဖြင့် တပ်မတော် ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Dec 27, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 27, 2021
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
Dec 27, 2021
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 27, 2021
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
Dec 27, 2021
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 27, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ (၂၁) ကြိမ်မြောက် သုတေသန ညီလာခံ စာတမ်းဖတ်ပွဲ များကို လှည့်လှည်ကြည့်ရှုသည်။
Dec 27, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 27, 2021
ကုန်စည်များ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပေါင်းကူးဆက်သွယ်ထားသော ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်းလမ်းတို့ကို ရန်ကုန်ပြည်လမ်း အမှတ် (၁) လမ်းကဲ့သို့ ယာဉ်လမ်းအန္တရာယ်လုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Dec 27, 2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် အားကစားနည်း ခြောက်နည်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ရက်အထိနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း / အားကစားရုံ များတွင် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ကျင်းပလျက်ရှိသော (အမျိုးသား ၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးရဲနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Dec 27, 2021
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) က ကြီးမှူးကျင်းပသော ပထမအကြိမ် သက်ကြီးသတင်း စာဆရာများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကြီး ငါးကြီးဘုရား၌ ကျင်းပသည်။
Dec 27, 2021
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ( ၁၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီးတွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင် ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ) အိုက်ပါး၊ သန်းဇော်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁၄၀၃ ကီလိုကို လည်းကောင်း။
