Skip to main content

Dec 08, 2022

ကျွန်တော်တို့ ကမ္ဘာမြေကြီးတွင်ရှိသော လူသားများသည် စားရေး၊ ဝတ်ရေး၊ နေရေးဆို သော အရေးသုံးပါးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြပါသည်။ နိုင်ငံအသီးသီး၊ လူမျိုး အသီးသီးတို့၌ အစားအသောက်နှင့်ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခု အတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် လည်း ဒေသအလိုက်ရာသီအလိုက် ရိုးရာအစားအစာများရှိကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများအနက် နေကြာသည် မြန်မာ့ဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသည့် သီးနှံလည်းဖြစ်သည်။ နေကြာသီး နှံသည် စားသုံးဆီအဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ ဆေးဝါးနှင့်‌ ဆေးဝါးအထောက်ကူပြု ပစ္စည်းများအဖြစ်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ် နိုင်သော သီးနှံများတွင်တစ်ခု အပါအဝင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေး နိုင်ရေးဆောင်ရွက်ထားရှိမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧည့်သည်တော်များ တည်းခိုမည့်နေရာ၊ ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပမည့်နေရာ၊ ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပမည့် နေရာနှင့် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ ဆိုင်ခန်းများ ခင်းကျင်းရောင်းချမည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ပြုသည့် အရေးကြီးသော ကဏ္ဍများ အတွင်းမှတစ်ခုဖြစ်ပြီး အလုပ်အကိုင် ၁၀ မျိုးတွင် တစ်မျိုးသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် နေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်၍ အလုပ်အကိုင်ပေါင်း သန်း ၃၂၀ ကျော် ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေသည်မှာ ထင်ရှားပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

အဂတိလိုက်စားမှုသည် အကျင့်ပျက်မှု၊ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတို့ပါဝင်သည့် ရာဇဝတ်မှု/ပြစ်မှုပင် ဖြစ်သည်။ အဂတိလိုက်စားမှုသည် ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့် ပြဿနာဖြစ်သော်လည်း ယင်း၏အနက်အဓိပ္ပာယ်ကိုမူ ကမ္ဘာ့နိုင်ငံများအကြား တညီတညွတ်တည်းဖွင့်ဆိုရန် ခက်ခဲနေပြီး သီးခြားပြုမူမှုများကိုသာ အဓိပ္ပာယ်ဖွင့်ဆို နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mongkol Visitstump  သည်ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် စီမံကိန်းရေးဆွဲရေးအစည်းအဝေး (Middle Planning Conference) ကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက် နေ့အထိ Video Teleconferencing (VTC) စနစ်ဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများ အပေါ် လွမ်းဆွတ်သတိရသည့်စိတ်များ ခေတ္တခဏမျှပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေ သီဆို ကပြလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ  ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲသို့ သွားရောက်၍ ရုံးဝင်းအတွင်းရှိ အဆောက်အအုံများနှင့် ဝန်ထမ်း အိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်