နေပြည်တော် ဒီဇင်ဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲသို့ သွားရောက်၍ ရုံးဝင်းအတွင်းရှိ အဆောက်အအုံများနှင့် ဝန်ထမ်း အိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လားရှိုး) သင်တန်း ကျောင်းခန်းမ၌ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး အိပ်ဆောင်များ၊ စားရိပ်သာနှင့် သင်တန်းသူများ လက်တွေ့သင်ကြားလေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်သင်တန်းကျောင်း ငါးကျောင်း၊ စက်မှုသင်တန်းကျောင်း သုံးကျောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း သုံးကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသား လူငယ်များနှင့်အမျိုးသမီး ငယ်များအား အခြေခံပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်