Mar 30, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိင်းအစည်းအဝေးတက်ရောက်
Mar 30, 2023
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မတ် ၂၉ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing System အသုံးပြု တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြသည်။
Mar 30, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Kenbo 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 30, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Mar 30, 2023
၂၀၂၃ ခုနှစ် မတ် ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၇၅)၊ ၈၅ (A) လမ်း၊ ၃၁ x ၃၂ လမ်းကြားရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်းနှစ်ဦးက ငွေကျပ်သိန်း ၁၅၀၀ ကို စိန်သရဖူရွှေသန့်စင်လုပ်ငန်းသို့ ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် စိစစ်ဆဲအမျိုးသားသုံးဦးသည် မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက်ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁၂၀၀ ကို ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည်။
Mar 30, 2023
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော် လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှု မရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။
Mar 30, 2023
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Nebula X Entertain-ment Co., Ltd. က နည်းပညာမြင့် 3D Projection Mapping ဖြင့် အကယ်ဒမီပေးပွဲစင်မြင့် တည်ဆောက်ခြင်း၊ Lighting နှင့် Sound System၊ Stage Design ရေးဆွဲထားမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခြင်းကို မတ် ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Mar 30, 2023
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
Mar 30, 2023
ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 30, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃ ) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 30, 2023
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပုံစံအမျိုးမျိုးဖြင့်ရှိခဲ့ပြီး အချိန်ကာလတစ်ခုတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပြီ။ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်တည်လာခြင်းသည် တိုင်းပြည်အနာဂတ်ကို မြော်တွေး၍ ပြည်သူများ၏ဘဝအာမခံချက်ပေးမည်ဟူသည့် ခံယူချက်ကြောင့်ဖြစ်သည်။
Mar 29, 2023
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံစိုက်ပျိုး နေပြီး ပဲမျိုးစုံစိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိ တွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှတင်ပို့သည့် ပို့ကုန်အများ စုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်တစ်မယ်ဖြစ်ပါသည်။
Mar 29, 2023
ကညွတ်ကို ယခုခေတ်နောက်ပိုင်းမှ မြန်မာပြည်မှာ တွင်ကျယ်စွာ စားသုံးလာကြသည်။ ကညွတ်သည် အရသာကောင်းမွန်သည့်အပြင် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများသောကြောင့် ရောင်းတန်း ဝင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်လာသည်။ ကညွတ်ကို ကညို့၊ ကြံညွတ် စသည်ဖြင့် လည်းခေါ်ကြ ပါသည်။ မြန်မာပြည်တွင် ကညွတ်မျိုးစုဝင် များစွာရှိပါသည်။ ရုက္ခဗေဒအရ ယခင် ကညွတ်သည် ကြက်သွန်မျိုးနွယ်များကဲ့သို့ နှင်းပန်းမျိုးရင်း Liliaceae ထဲတွင် ပါဝင်ခဲ့သော်လည်း ယခုတွင် ကြက်သွန်မျိုးရင်း Amaryllidaceae ဟု ခွဲထွက်သက်မှတ်လိုက်သကဲ့သို့ ကညွတ်မျိုးရင်းကို လည်း Asparagaceae အဖြစ် ခွဲထုတ်သတ်မှတ်ကြသည်။ ၂၀၁၄ ခုနှစ်၊ World Check List အရ မျိုးစိတ် (၂၁၂) မျိုးရှိပြီး ယခုအခါ စပ်မျိုးများစွာရှိသောကြောင့် မျိုးစိတ်ပေါင်း (၃၀၀)အထက် ရှိလာ ကြောင်း လေ့လာသိရှိရသည်။
Mar 29, 2023
ကွမ်းလုံကြိုးတံတားအဟောင်းအား (၂၉-၂-၁၉၆၄) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၃၁-၁၁-၁၉၆၅) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ (၂၂-၁၂-၁၉၆၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအရှည် (၇၈၉) ပေဖြစ်ပြီး မူလခံနိုင်ဝန် အလေးချိန်မှာ (၄၀)တန်ဖြစ်သည်။ တံတား သက်တမ်းမှာ (၅၈)နှစ် ကြာမြင့်လာပြီဖြစ်သဖြင့် တံတား၏ ကြံ့ခိုင်မှုအခြေအနေအရ ယခုအခါ ယာဉ်နှင့်ကုန် အလေးချိန်အများဆုံး (၂၅)တန် အထိသာ သယ်ဆောင်ဖြတ်သန်းခွင့်ပြုခဲ့သည်။ ကွမ်းလုံကြိုးတံတားပေါ်မှ ယာဉ်တစ်စီးချင်းသာ ဖြတ်သန်းခွင့်ပြုထားသဖြင့် သိန္နီဘက်ခြမ်းနှင့် ကွမ်းလုံဘက်ခြမ်း၌ ကုန်တင်ယာဉ်၊ လူစီးယာဉ်များ တန်းစီ၍ စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်စည်စီးဆင်းမှုတွင် ကြန့်ကြာမှုဖြစ်ပေါ် လျက်ရှိသည်။
Mar 29, 2023
မြန်မာနိုင်ငံတွင် အဓိက သီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုး စုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်သည်။
Mar 29, 2023
ပဲပုပ်သည် ကျန်းမာရေးနှင့်စီးပွားရေးရှုထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံ တစ်ခုဖြစ်သည်။ အသားဓါတ်ခေါ် ပရိုတိန်း (၄၀-၄၅) ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀) ရာခိုင်နှုန်း ပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိသည့် ဟင်းသီးဟင်းရွက် ဆီ တစ်မျိုးဖြစ်ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံး အဝင်ဆုံးသီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိပါသည်။
Mar 29, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 29, 2023
၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိအဝေးပြေးကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင်လည်းကောင်း၊ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။