Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ အလုပ်သဘောခရီးစဉ်များသွားရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးအယ်လယဲနိခ်တို့၏ ဖိတ်ကြားချက်များအရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ အလုပ်သဘောခရီးစဉ်များသွားရောက်ရန် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့မှရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ဖြင့် ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

သတင်းစဉ်