May 02, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံတို့သည် ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ရှေးဟောင်းအဆောက်အအုံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 02, 2025
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီကကြီးမှူး ကျင်းပသည့် ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ် သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
May 02, 2025
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
May 02, 2025
ဝေါမြို့နယ်နှင့် တပ်ကုန်းမြို့တို့၌ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် ဆေးခြောက် ၂ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 02, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်စည်ပင်သာယာရေး ကော်မတီမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ အမဲသား၊ ဝက်သား ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၂ ရက်မြောက်အဖြစ် ဈေးကားရှစ်စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
May 02, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁ ရက်အထိ သေဆုံးသူ ၃၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိသည်။
May 02, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 02, 2025
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖြေဆိုကြရမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် သတ်မှတ်ထားသည့် ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အခြေခံပညာ ဆရာ ဆရာမများက သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။
May 02, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအတွက် ယာယီဆောက်လုပ်နေရာချထားပေးခဲ့သော အမှုထမ်းနှင့် အရာထမ်း အိမ်ရာများသို့ သွားရောက်၍ ရေ၊ မီး အဆင်ပြေမှုရှိ/ မရှိ၊ သန့်စင်ခန်းများ ကောင်း မကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မိုးတွင်းရေမဝပ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။
May 02, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းသင်ကြားလေ့ကျင့်နေမှုအခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။