Skip to main content

Jul 16, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2025

​​​​​​​မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ နောက် ၂၄ နာရီတွင် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ဖြတ်ကျော်ခဲ့သည်။ အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် မိုးသည်းထန်မှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2025

​​​​​​​လွန်ခဲ့သည့် ငါးနှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြရသည်။ ၂၀၂၀ ပြည့်နှစ်စောစောပိုင်းတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှာ မိမိတို့ပထမဆုံးကြုံတွေ့ကြရသည့် စိန်ခေါ်မှုကြီးဖြစ်ပြီး နောက်တစ်နှစ်တွင်မူ ရွေးကောက်ပွဲမဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲနှင့် ဆူပူသောင်းကျန်းမှုများ၊ ထို့နောက်အကြမ်းဖက်တိုက်ခိုက်မှုများ၊ နောက်နှစ် နောက်နှစ်များတွင် မုန်တိုင်းကြီးများနှင့် အင်အားပြင်းထန်သည့်မြေငလျင်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၄၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာနရှိ ရုံးပတ်လမ်း၊ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဖွင့်ပွဲကို ယနေ့တွင်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ကျင်းပရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးနှင့်စပ်လျဉ်း၍ စိစစ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက် သံတောင်လမ်းနှင့် သံတောင်(၁)လမ်းထောင့် မြေကွက်လပ်နှင့် လယ်ဝေးလမ်းထောင့် မြေကွက်လပ်တို့၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

စက်မှုဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၃၀) ပရိဝုဏ်အတွင်းရှိ လျှိုပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး လျှိုပိတ်ဆည်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း၊ ငါးကျည်း၊ ထိုင်းငါးခုံးမ စသည့် ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ကို စိုက်ထည့်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီး ဟင်းရွက်များကို ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၉၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2025

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်