Skip to main content

May 05, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

PDF အမည်ခံအကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ စသောလူသားချင်းမစာနာသည့် လူမဆန်သောအကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇) လွှာတိုက်ခန်းမြေညီထပ်၊ အခန်း အမှတ် (B-1) နေ ဒေါ်ခင်ဖြူမြင့် (၄၇) နှစ်၊ (ဘ) ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ်သိန်း ၂၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၂၃၅၄ ၊ စုစုပေါင်းငွေနှင့် ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၄၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်း (ပ) ၆၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်း အနားသို့တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာမြို့ ရန်ကုန်မန္တလေးကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ယနေ့နံနက် ၁ဝ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေ၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများသို့ သွားရောက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ခဲ့မှုအခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် စပါးကြီးစမ်း - နတ်စင်ကုန်းဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊ ယာယီဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ဆောက်လုပ်ပြီးစီးသည့် ယာယီဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့်အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH I NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတို့တွင် ဧပြီလ ၄ ရက်အထိ သေဆုံးသူ ၃,၇၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာရောက်ဆွေးနွေးသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်