Skip to main content

Apr 30, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးသို့ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးအဆောက်အအုံများ ကြံ့ခိုင်မှုနှင့်သန့်ရှင်း သာယာရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော်ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Thushara Fernando အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် အလိုတော်ပြည့်ဆရာတော်ကြီး၏ လက်ထောက်ဆရာတော် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အား နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၄ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားအား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ထိုင်းတော်ဝင်လေတပ်မှ Col. Suthawut Naksri ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆူးကုန်းရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက်တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ မေ ၄ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။

ဆက်လက်ဖတ်ရှုရန်