May 06, 2025
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့များ၊ ရှမ်းတောင်ဇုန်ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ အဆောက်အအုံများ၏ ပြိုကျပျက်စီးမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး အားပေးစကားပြောကြားကာ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်းသွားသော အင်းလေးဒေသအတွင်း ဘုန်းကြီးကျောင်းများ၊ ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ဧပြီလအတွင်းက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းသည်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်) သို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှလည်း အလှူငွေများနှင့် ရေသန့်ကတ်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
May 06, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ဧပြီ ၅ ရက်အထိ သေဆုံးသူ ၃၇၈၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦးရှိသည်။
May 06, 2025
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ယနေ့မှစတင်ကာ တစ်လတာအရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
May 06, 2025
၂၈-၃-၂၀၂၅ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
May 06, 2025
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
May 06, 2025
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာတွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပြည်သူအများသိရှိ နိုင်ကြစေရန်အတွက် ၂၀၁၁ ခုနှစ် မှစတင်၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ website ဖြစ်သည့် http://mnhrc.org.mm တွင် လွှင့်တင်ဖော်ပြထားသည်။
May 06, 2025
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂ ရက် နံနက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ရောက်ရှိခဲ့ပြီး EV အလုပ်ရုံအတွင်း ကြည့်ရှုစစ်ဆေးရာ နိုင်ငံတော်တွင် EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာပြီဖြစ်ရာ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးပွဲများ၊ EV ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းများကို ဆက်စပ်ဌာနများ၊ နိုင်ငံတကာနှင့် ပြင်ပ EV အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
May 06, 2025
အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10, Grade-11, Grade-12 သင်ကြားမည့် သင်ကြားရေးမွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ကြသည်။
May 06, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က ဥတ္တရသီရိမြို့နယ် မြတ်လေးလမ်းနှင့် နေကြာလမ်းသို့သွားရောက်၍ ငလျင်ဘေးကြောင့်ပျက်စီးခဲ့သည့် ရေပေးဝေရေး ပိုက်လိုင်းများကိုဝန်ထမ်းများ၊ ယန္တရားများဖြင့် တူးဖော်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
May 06, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မစိုးရိမ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။