ဗို့အားမြင့် ဘက်ထရီမှ လျှပ်စစ်အန္တရာယ်ကာကွယ် ရေးဆိုင်ရာအခြေခံအချက်များ
လျှပ်စစ်သုံးယာဉ်များတွင် အဓိကအရေးကြီးဆုံးသည် ဗို့အားမြင့်ဘက်ထရီဖြစ်ပါသည်။ အလုပ် လုပ်မည့် ဗို့အားသည် 60 V DC (သို့မဟုတ်) 30 V AC ထက်ကျော်လွန်ပါက အန္တရာယ်ရှိသည့် ဘက်ထရီဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်သုံးယာဉ်များအတွက် ယာဉ်ကိုယ်ထည် တည်ဆောက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အခြေခံ အချက်အလက်စံနှုန်းများ၊ နည်းလမ်းများ၊ အကာအကွယ်အတားအဆီးများ၊ ယာဉ်ရှိ ဝိုင်ယာကြိုး၊ ဘက်ထရီများ၊ အန္တရာယ်ဖြစ်စေနိုင်သည့် ဗို့အားအစိတ်အပိုင်းများကို ယာဉ်ပေါ်တွင်ပါသည့် လူများမှ တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ရန်၊