အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ပညာရပ်ဆိုင်ရာတိုးတက်ရေးကို အရိုးရောဂါဆိုင်ရာ ဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကို ရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေးပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀)တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။