Skip to main content

တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲမှသည် တပ်မတော်ဆေးတပ်ဖွဲ့၏ဂုဏ်ကို ထွန်းလင်းတောက်ပစေလျက် . . .

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သောကြောင့် အရိုးရောဂါဆိုင်ရာဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကိုရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါတပ်မတော်ဆေးပညာ နှီးနှော ဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေးပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀) တွင်အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် “AO Principle of Fracture Fixation Basic Course” ခေါင်းစဉ်ဖြင့် အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း စုစည်းဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာပါမောက္ခချုပ်၊ပါမောက္ခ/ ဌာနမှူးများ၊ ပါရဂူများ၊ ပါမောက္ခပါရဂူကြီးများ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသားများ၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှပါမောက္ခကြီးများ၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့မှုသည် မြန်မာ့တပ်မတော်၏ အရိုးရောဂါဆိုင်ရာဆေးပညာရပ်တွင် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေခဲ့ပြီဖြစ်သည်။
Subscribe to