Skip to main content

မျောက်ကျောက်‌ရောဂါ ကြိုတင်ကာကွယ်ပါ

မျောက်ကျောက်ရောဂါ (Monkeypox)ဆိုသည်မှာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက်များတွင် စတင်တွေ့ရှိခဲ့ပါသည်။ လူသားတွင် ပထမဆုံးဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများတွင် အဆိုပါ ရောဂါဖြစ်ပွားမှုကို ကြိုးကြားကြိုးကြားတွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်းအာဖရိက အလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည်။

ရေနေသယံဇာတထိန်းသိမ်းဖြည့်ဆည်းရေးနှင့် တောင်သမန်အင်းအလှ

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ သရက်ကုန်း၊ နတ်ရေကန်၊ ကူမဲ၊ ရေနံ့သာငါးလုပ်ငန်းစခန်းများမှ နှစ်လက်မအရွယ်ငါးသားပေါက်ကောင် ရေ နှစ်သိန်းကို ၂၆-၇-၂၀၂၂ ရက်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဦးဆောင်၍ မျိုးစိုက်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း အစိုးရအဖွဲ့များ ဦးဆောင်၍ မျိုးစိုက်ပေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ဤသို့လှုပ်ရှား ဆောင်ရွက်မှုများသည် ပျက်စီးယိုယွင်းနေသည့် မြန်မာ့ရေသယံဇာတများအား ပြန်လည် ဖြည့်ဆည်းခြင်းနှင့် ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားမှုများပင်ဖြစ်ပါသည်။

ပညာရေး၏ သဘောသဘာဝနှင့် သင်ရိုးသစ်ပညာရေး

မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာသစ်မှာ “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏” လို့ ဖွဲ့ဆိုထားပါတယ်။ ပညာရဲ့အနက်သဘော၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို နိုင်ငံတကာ တွေးခေါ်ပညာရှင် အသီးသီးတို့ကလည်း ကာလဒေသအလိုက် အတွေ့အကြုံအမျိုးမျိုးအပေါ် မူတည်ပြီး အဆိုအမိန့်တွေ၊ ဖွင့်ဆိုချက်တွေနဲ့ ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ မဃဒေဝ လင်္ကာသစ်ရဲ့ ပညာနဲ့ပတ်သက်တဲ့ ဖော်ညွှန်းချက်ဟာ တွေးခေါ်ပညာရှင်တို့ရဲ့ အဆိုအမိန့်များကို လွှမ်းခြုံမိနေတာကို လေ့လာတွေ့ရှိရပါတယ်။

စားနပ်ရိက္ခာဖူလုံဖို့၊ သီးနှံသစ်တောရောနှောစိုက်ပျိုးစို့

စားနပ်ရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ် သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝ ပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားနပ်ရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
Subscribe to