နေပြည်တော် ဇူလိုင် ၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် မြနန္ဒာလမ်း၏မြောက်ဘက်ခြမ်း မြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးသည်။
ထို့နောက် တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် ပိတောက်၊ ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ငု၊ ပျဉ်းမ စသည့် ပန်းအလှပင်စုစုပေါင်း ၃၂၈ ပင် စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
