Jan 11, 2024
(၇၆) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jan 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 11, 2024
အားကစားသည် ကျန်းမာကြံ့ခိုင်စေသည့်အပြင် အားကစားသမားရော အားပေးကြသူများပါ စိတ်ဓာတ်ခွန်အားမြင့်မားစေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ အားကစားအောင်မြင်မှုဖြင့် စိတ်ဓာတ်ခွန်အားမြင့်မားလာကြသလို နိုင်ငံ့ဂုဏ်လည်းမြင့်မားပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ခွန်အားများဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံတော်က အားကစားကဏ္ဍကို မြှင့်တင်အားပေးလျက်ရှိရာ အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသည်။
Jan 11, 2024
တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီးစည်းလုံးညီညွတ်စွာဖြင့် အရှည်တည် တံ့ခိုင်မြဲနေမည်
Jan 11, 2024
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းကြသည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးမြေဧက ၂၉ ဒသမ ၅၉ သန်းကို လက်ရှိကာလတွင် အသားတင်စိုက်ပျိုးလျက်ရှိရာ ယင်းမြေပေါ်၌ပင် ရာသီအလိုက် သီးထပ်သီးညှပ်စိုက်ဧကများကိုပါ ထည့်သွင်းတွက်ချက်ပါက နှစ်စဉ်သီးနှံစိုက်ဧက စုစုပေါင်း ၄၈ သန်းကျော်ရှိသည်။
Jan 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်) ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း
Jan 10, 2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပသည်။
Jan 10, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးဆွေနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Resort ၌ ယနေ့မွန်းလွဲ (၃) နာရီ တွင် ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံသည်။
Jan 10, 2024
အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Mr. Ashish Sharma နှင့် ဆက်ဆံရေးအရာရှိ Ms. Yadav၊ HMT International Ltd. မှ အထွေထွေမန်နေဂျာ Mr. Y. K. Vaish နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 10, 2024
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နေ့လယ်၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
Jan 10, 2024
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါအချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်သည်။
Jan 10, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 10, 2024
ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် Naypyitaw State Academy ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဒေါက်တာဇော်မြင့်နှင့်ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 10, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Jan 10, 2024
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ကရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာနများသို့လည်းကောင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) သုံးစီးဖြင့် လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 10, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၊ ကလေးပြုစုရေးဌာန၊ အမျိုးသမီး သက်မွေးပညာသင်ကျောင်းနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 10, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအုပ်များက သင်တန်း ကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 10, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည် ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
