Jan 10, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လာရောက်ဖူးမြော်ကြသည်။
Jan 10, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၁၀၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Jan 10, 2024
ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology Confer-ence 2024) ဖွင့်ပွဲအခမ်းအနားကို “Pathology Updates in Theranostic Era” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းက ဆေးတက္ကသိုလ်(၁) ရန်ကုန်လမ်းမတော်ဝင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
Jan 10, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဒေါက်တာမှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ယမန်နေ့ညနေပိုင်းတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jan 10, 2024
မွေးမြူရေးပညာရပ်ဆိုင်ရာ ပြည်ပသင်တန်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 10, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်ပြီး အများပြည်သူမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချနေမှုများ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀ နှစ်အရွယ် ကလေးငယ်များပါမချန် အတင်းအဓမ္မလူသစ်စုဆောင်းနေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံခဲ့မှုခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည့် အခြေအနေများ၊ မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက်ထုတ်ပြန်မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့်အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝင်ရောက်ရေးသားကန့်ကွက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
Jan 10, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jan 10, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ရှိ ၂၃၀ ကေဗွီအသုတ်ပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိ၍ ဓာတ်အားခွဲရုံ ၏ Switch Yard အတွင်း ၆၆ ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန် စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင် ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေများ ပေးအပ်သည်။
Jan 10, 2024
နေပြည်တော် ဇန်နဝါရီ ၉ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 10, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jan 10, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြ ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
Jan 10, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jan 10, 2024
ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Jan 10, 2024
ကလေးသူငယ်များအတွက် အလိုအပ်ဆုံးသောအရာသည် မေတ္တာဖြစ်သည်။ ကလေးသူငယ်များအတွက် အတောင့်တဆုံးအရာသည် စိန်၊ ရွှေရတနာ၊ ငွေကြေး ပစ္စည်းမဟုတ် အဖိုးမဖြတ်နိုင်သည့် မေတ္တာတရားဖြစ်သည်။ ကလေးသူငယ်များသည် လုံခြုံစိတ်ချမှုကို လိုလားသည်။ ကလေးသူငယ်များသည် အနာဂတ်အတွက် အားထားရမည့်သူများဖြစ်သည်။ တိုင်းပြည်အနာဂတ် သာယာဝပြောရေးအတွက် ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးကြီးသောအလုပ်ဖြစ်သည်။
Jan 10, 2024
မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံအရ ကမ္ဘာပေါ်ရှိ သဘာဝဘေးဒဏ်အကျရောက်နိုင်ဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ခြင်းဒဏ်ခံရခြင်း အညွှန်းကိန်း(Global Climate Risk Index)တွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံပါဝင်သည့်အနက် မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေသည်။ အဆိုပါအညွှန်းကိန်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း လွန်စွာဆိုးရွားသည့် ရာသီဥတုဒဏ်ခံစားခဲ့ရသည့်နိုင်ငံများကို ဖော်ပြထားခြင်းဖြစ်သည်။
Jan 09, 2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအားရှုတ်ချပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 09, 2024
ဇန်နဝါရီလ ၆ ရက်နေ့ ၀၈:၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မျိုးသက်ကို မောင်းနှင်လာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၄၁၅ အချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းကောရ(ခ)စိုင်းခမ်းမတ်အား နမ့်စန်မြို့အဝင်၊ နမ့်စန်-ခိုလမ်သွား ကားလမ်းတွင် TOYOTA CROWN မော်တော်ယာဉ် ၁ စီး၊
Jan 09, 2024
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။
Jan 09, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
