နေပြည်တော် မေ ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂများနှင့် ထင်းအစားထိုးလောင်စာများအပါအဝင် စုစုပေါင်းတန်ချိန် ၁၅၀၄ ဒသမ ၄၃ တန်ကို ကုန်တင်ရေယာဉ်ဖြင့် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၆ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်းစုစုပေါင်း ၆၇၇၄၁ ဒသမ ၉၂ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်