နေပြည်တော် မေ ၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ ခြေတုလက်တုထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးအလုပ်ရုံများ အဆင့်မြှင့်တင်ရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ၊ ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရေး အသိပညာဖလှယ်ခြင်းနှင့် သင်တန်းပို့ချရေးဆိုင်ရာ ကိစ္စ၊ ICRC မှ မြန်မာနိုင်ငံအတွင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်