Skip to main content

Feb 08, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်း–ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေသော်လည်း AA အကြမ်းဖက်အဖွဲ့အနေဖြင့် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်စုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေမှုများကို မိဘပြည်သူများသိရှိစေရန် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ AA အကြမ်းဖက်အဖွဲ့မှ ၎င်းတို့၏ လူ/လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားများအတွက် တရားမဝင်ဘင်္ဂါလီခိုးဝင်မှုများကို ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာခဲ့ကြပါသည်။ ယခုလို ဘင်္ဂါလီခိုးဝင်မှုများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်၏စေခိုင်းမှုဖြင့် ဘင်္ဂါလီပွဲစားများနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သူ၊ AA အဖွဲ့တွင် ရိက္ခာနှင့် စက်သုံးဆီများပို့ရန် သင်္ဘောဝယ်ယူခဲ့သူ၊ ကိုယ်တိုင်ရိက္ခာများ ဝယ်ပို့ခဲ့သူ ဇော်မင်းထွန်း (ခ) စိုးမိုးလင်း (ခ) ကိုညီ (ဘ) ဦးကျော်သန်းမြင့်နှင့် သာလီစွမုန့်တီဆိုင်ပိုင်ရှင် အနုပညာရှင် ရခိုင်အဆိုတော် လှမောင်သိန်း (ခ) ဘိုဝိုင်း (ဘ) ဦးကျော်လှတို့၏ ဝန်ခံထွက်ဆိုချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

မြန်မာပြည်တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစု၌ နေထိုင်ကျက်စားကြသောပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံတိုင်းရင်းသား (Sea Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရိုးရာနတ်ကပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပြည်ပဝယ်လိုအားကြောင့် ပဲနှင့်နှမ်းဈေးမှာ အမြင့်ပိုင်းတွင်ရှိနေကြောင်း ပဲနှမ်းအဝယ်ဒိုင်များထံမှ သိရသည်။ “ပဲကတော့ အရင်ကထက်စာရင် မြင့်သွားတယ်။ ပြည်ပဝယ်လိုအားကြောင့်လည်း ပါတယ်။ ပဲတွေက အမျိုးအစားအများကြီးပါပဲ။ မြင့်တာကတော့ အကုန်လုံးပါတာပေါ့။ နည်းတာနဲ့များတာပဲကွာတယ်" ဟု ပဲအရောင်းအဝယ်လုပ်နေသူတစ်ဦးက ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

မကွေးတိုင်းဒေသကြီး ချောက်-ဆိပ်ဖြူ ဧရာဝတီမြစ်ကူး အနော်ရထာတံတားရေလယ်တိုင် အမှတ်(၂) ရေတိုက်စားမှုမှ ကာကွယ်ရေးအတွက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကန်ဆွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း ဓားစာခံများအဖြစ် ဖမ်းဆီးထားရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လိမ်လည်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူနှစ်ဦးကို ဖေဖော်ဝါရီ ၆ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားခဲ့ကြောင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်ဟု သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

(77) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အသေးစား၊ အလတ်စား၊ ဒေသထွက်ကုန်များ ပြသရောင်းချခြင်းအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ယနေ့ကျင်းပပြုလုပ်ရာ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများဖြစ်သည့် ကျိုင်းတုံမြို့ရှိ အာခါစက်မှုကုန်ထုတ် သမဝါယမအသင်းမှ ရိုးရာဝတ်စုံများ၊ ညောင်ရွှေမြို့နယ်ရှိ အောင်စင်္ကြာ ပဒုမ္မာကြာသင်္ကန်း စက်မှုလက်မှုရက်ကန်းကုန်ထုတ် သမဝါယမအသင်းမှ ကြာချည်ထည်များ၊ ရွာငံမြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော ကော်ဖီထုတ်လုပ်မှုအဆင့်ဆင့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သည့် ဗေဒါသဘာဝမြေသြဇာများကို ခင်းကျင်းပြသ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်အတူ တောင်ကြီးပညာ့ရိပ်သာကို ရောက်ရှိကာ အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၊ စုဝေးခန်းမဆောင်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ အားကစားကွင်းနှင့်  ယာဉ်ရပ်နားကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နေပြည်တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့အဖြစ် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆက်လက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

နိုင်ငံတော်၏ အသားထုတ်လုပ်မှု ကဏ္ဍနှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီရှစ်ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သိမ်ဖြူသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သီလဝါဆိပ်ကမ်း ဧရိယာရှိ လေးလမ်းသွားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်း အကွက်အမှတ် (၂)(၃)ရှိ (၃/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၅၀ သို့ရောက်ရှိပြီး စိုက်ခင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်