ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာဆိုဗိမာန် (Sarso Beikman) (၁၆ဝ၊ x ၁၄ဝ၊) RC (၃) ထပ် အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် စာဆိုဗိမာန် (Sarso Beikman ( ၁၆ဝ၊ x ၁၄ဝ၊ ) RC (၃) ထပ် အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၈-A)၊ မြေကွက်အမှတ်(၂၉)၊ မြေဧရိယာ(၂.၁၈) ဧကပေါ်၌ ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၈ - ၇ - ၂ဝ၂၄ ရက်မှ ၁၅ - ၇ - ၂ဝ၂၄ ရက်အထိ နေ့စဉ်နံနက် (ဝ၉ : ၃ဝ) နာရီမှညနေ (၁၆:ဝဝ) နာရီရုံးဖွင့်ရက်အတွင်း အောက်ပါလိပ်စာတွင် တစ်စောင်လျှင် (၅ဝ,ဝဝဝိ/-) နှုန်းဖြင့်လာရောက်ဝယ်ယူနိုင်ပါသည်။ တင်ဒါပုံစံများ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) လုပ်ငန်းလိုင်စင် မိတ္တူတင်ပြရမည်။
၃။ ဈေးနှုန်းအဆိုပြုလွှာမပါသော နည်းပညာဆိုင်ရာ အဆိုပြုလွှာများကို ၁၆ - ၇ - ၂ဝ၂၄ ရက်မှ ၂၃ - ၇ - ၂ဝ၂၄ ရက်အထိ နံနက် (ဝ၉:၃ဝ)နာရီမှ ညနေ (၁၆:၃ဝ)နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၇) နေပြည်တော်သို့ လာရောက်ပေးသွင်းရန်ဖြစ်သည်။
သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၆၇-၃၄၁၂၂ဝ၃, ၄၁၂၂ဝ၅ သို့ ရုံးအချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါပုံစံများထုတ်ယူရန်လိပ်စာ
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန
ရုံးအမှတ် (၇) စီမံရေးရာဌာနခွဲ ၊ နေပြည်တော်
ဖုန်း - ဝ၆၇ - ၃၄၁၂၂ဝ၃ , ၄၁၂၂ဝ၅
တင်ဒါတင်သွင်းရန်လိပ်စာ
ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့်
ထုခွဲရောင်းချရေးကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန
ရုံးအမှတ် (၇) နေပြည်တော်
ဖုန်း - ဝ၆၇ - ၃၄၁၂၂ဝ၃