Skip to main content

Apr 07, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းနိုင်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး သံရည်ကျိုမီးဖို၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကျောက်မီးသွေးများ သိုလှောင်ထားရှိမှု၊ စက်ရုံမှ ထွက်ရှိသော သံစိမ်းများအား အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ကျောင်းသား/ ကျောင်းသူများနေထိုင်ရန် ဆောက်လုပ်လျက်ရှိသော ခြောက်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ ဆောက်လုပ်ပြင်ဆင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၃၅၄ တန်နှင့် အခြားသစ် ၁၂ ဒသမ ၁၆၈ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၄၈၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့်နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်တို့ရှိ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများ၊ လူပျိုနှင့် အပျိုဆောင်များသို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း တာဝန်ကျေပွန်စွာ သယ်ပိုးရွက်ဆောင်နိုင်သော တက္ကသိုလ်/ ကျောင်းများဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်၊ နိုင်ငံချစ်စိတ်ရှိ၍ အရည်အသွေးပြည့်မီသော လူငယ်အင်ဂျင်နီယာများ၊ နည်းပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးဆောင်ရွက်သွားရန်၊ တိုက်တွန်းမှာကြားပြီး တာဝန်ရှိသူများနှင့် ထူးချွန်ဆရာ ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

အကြိမ် (၂၀) မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Governors’ Meeting-ACGM)၊ (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (11th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများကို ယမန်နေ့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိနဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၄ (Song-kran Festival 2024)ကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံ မြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Common Yellow Swallowtail ” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး အား ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလဆန်း ၂ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့ကို “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” “My Health , My Right” ဟု သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတို့ကို လူတိုင်းလူတိုင်းက ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်