Sep 18, 2024
မကြာမီရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဝင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပင်မစာသင်ဆောင်၌ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် ယာယီရေဘေးရှောင်နေထိုင်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်းက ယင်းနေရာသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။
Sep 18, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်တို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာမည့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုနိုင်မှုအခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခဲ့သည်။
Sep 18, 2024
ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံများတွင် ဘောရစ်မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပြီး လူများသေဆုံးမှုနှင့် လူထောင်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသည်။ အိုးအိမ်၊ လမ်း၊ တံတားများ၊ ဓာတ်အားလိုင်းများ ပျက်စီးပြီး ဆည်တစ်ခုကျိုး၍ ဆည်အောက်မြို့ရွာများ ရေလွှမ်းသည်။ ဘောရစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားတို့ ကြုံတွေ့ခဲ့ရာ ‘‘ရာသီဥတုပြောင်းလဲမှုသည် ဥရောပတွင် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ကြောက်စရာကောင်းသော အကျိုးဆက်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း’’ ရိုးမေးနီးယားသမ္မတက ကောက်ချက်ချခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။
Sep 17, 2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လူငယ်တစ်ဦး ပြည်သူ့စစ်မှုထမ်းဆောင်ရန် တိမ်းရှောင်သဖြင့် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၎င်းလူငယ်၏ လေဖြတ်နေသော မိခင်ဖြစ်သူကို တာဝန်ရှိသူများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။
Sep 17, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သစ်လှတောကျေးရွာနှင့် ဖော့ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကို ဖမ်းဆီးထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Sep 17, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ တောင်သူများသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူအမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Sep 17, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 17, 2024
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး၍ လိုအပ်သည်များ မှာကြားသည်။
Sep 17, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းသို့ စစ်တောင်းမြစ်ရေဝင်ရောက်ခဲ့မှုကြောင့် လမ်း၊ တံတား၊ အိမ်၊ လျှပ်စစ်မီးတိုင်နှင့် အုတ်တံတိုင်းအချို့ ပျက်စီးခဲ့ကြောင်းသိရသည်။
Sep 17, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်သော သဘာဝဘေးဖြစ်စဉ်များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။