ပုသိမ် ဩဂုတ် ၁၈
မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီ၌ လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်များကို ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှု၊ ကာဗာတပ်ဆင်နေမှု၊ လက်ကိုင်ကိုင်းတပ်ဆင်နေမှု၊ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုနှင့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီမှ တာဝန်ရှိသူများက ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးအစားများ ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်စက်ဘီး (E-Bike)နှင့် နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်အသုံးပြုခြင်းအားဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မှု၊ ကျောင်းသား ကျောင်းသူများအပါအဝင် အသက်အရွယ်မရွေးလွယ်ကူစွာ သုံးစွဲနိုင်မှုများ၊ E-Bike (MI. Bike 10 series)၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 20 series)၊ နှစ်ဘီးဆိုင်ကယ်( MI. Bike 30 series)နှင့် သုံးဘီးဆိုင်ကယ် MI.(MET) series များကို ထုတ်လုပ်ရောင်းချသွားရန် ရည်မှန်းထားပြီး ယခုတွင် E-BikeMI. Bike 10 series)များကို စမ်းသပ်ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချနေမှုများကို ရှင်းလင်းတင်ပြသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)