Skip to main content

May 04, 2024

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာ (၁) နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းဝင်း၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေး ပညာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များအသင်းဥက္ကဋ္ဌ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပခုက္ကူမြို့ မြို့ရှောင်လမ်းဆုံ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဝက်အကောင် ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀) နှင့် အဆိုပါဝက်များ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၄/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် Irrawaddy သတင်းဌာန လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေ ၂ ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၄) အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ Academy for International Business Officials (AIBO) တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) မှ သင်တန်းသား သင်တန်းသူ ၃၀ နှင့် ကြီးကြပ်သူနှစ်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

(၃၁) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကောင်စီဝင်များ၊ သတင်းမီဒီယာများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2024

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိတ်ဆက်ဖြန့်ဝေခဲ့ရာ ယင်းမူဝါဒပါအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည်။ ယင်းမူဝါဒရေးဆွဲချမှတ်ရခြင်းမှာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာနှင့်လျော်ညီသည့် စံချိန်စံညွှန်းများပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေး ဆက်လက်လုပ်ဆောင်သွားနိုင်ရေးဟူသည့် မျှော်မှန်းချက်များပါဝင်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2024

ပဲခူးတိုင်းဒေသကြီး နယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင် ရွက်လျက်ရှိရာ ယနေ့တွင် ကြို့ပင်ကောက်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၉ ခုမှ ပြည်သူ ၂၄၃ ဦး၊ အုတ်ဖိုမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ ခုမှ ပြည်သူ ၃၃၂ ဦး စုစုပေါင်း ၅၇၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 03, 2024

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၉) ရပ်ကွက် အောင်သုခလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2024

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်အဖွဲ့ကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်