May 02, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 02, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါတည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်း ကို (၂၆-၄-၂၀၂၄) ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီးဖြစ်ပါသည်
May 02, 2024
တရုတ်နိုင်ငံရှိ ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိနေကြောင်း သရက်တင်ပို့နေသည့် သစ်သီးပွဲရုံတစ်ရုံမှ သိရသည်။
May 02, 2024
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့၌ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ စခန်းချနေထိုင်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း (ချောင်းသာ) စခန်းပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက စခန်းတည်ရှိရာ AZURA ဟိုတယ်ရှေ့ ကမ်းခြေသဲသောင်ပြင်တွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 02, 2024
ဒေသအတွင်းရာသီအလိုက် သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ဧကစာရင်းများ မှန်ကန်စွာလျာထားဆောင်ရွက်နိုင်ရေး၊ စာရင်းများမှန်ကန်စေရေးနှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိနိုင်စေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စသည့်ဌာန များနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းတာဝန်ခံများ တက်ရောက်ကြသည်။
May 02, 2024
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် တောင်ကျွန်းဟုခေါ်သော ဝါစေ့တောင်၌ ယခင်က မွန်ဂိုများကို တိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟုယူဆရမည့် ကျောက်လိုဏ်ဂူများ ရှိနေကြောင်းသိရသည်။
May 02, 2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
May 02, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ မေ ၂ ရက် မှ ၄ ရက်အထိကျင်းပမည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှအင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ထွက်ခွာသည်။
May 02, 2024
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်မေလမှမြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများ ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိတိုက်ခတ်နိုင်သည်။
May 02, 2024
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကိုဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ ဧပြီ ၂၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေဆိပ်(သွင်းကုန်)၌ ဝန်စည်တစ်ခု အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် John Langford of London တီရှပ်အင်္ကျီအထည် ၆၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၀၀၀၀၀) ကို လည်းကောင်း၊ ဧပြီ ၂၉ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် ယာဉ်အပိုပစ္စည်း Riko Oil Filter ၄၈၀ အပါအဝင်ကုန်ပစ္စည်း ၁၅ မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၁၅၈၀၀၀)ကို လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၅၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 02, 2024
ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဧပြီ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
May 02, 2024
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်သည်။
May 02, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးခန်းသို့ ရောက်ရှိစစ်ဆေးသည်။
May 02, 2024
၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကို ဧပြီ ၃၀ ရက် ည ၆ နာရီခွဲက တောင်ကြီးမြို့ အိမ်တော်မြက်ခင်းပြင်၌ ကျင်းပသည်။
May 02, 2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများကို ယနေ့နံနက် ၆ နာရီခွဲမှစတင်၍ ဖူးမြော်ကြပြီး စုရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
May 02, 2024
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဝင် ဆေးရုံများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
May 02, 2024
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်ဒက္ခိဏသီရိဈေး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် MSME အေဂျင်စီအဖွဲ့ ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
May 02, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။