May 06, 2024
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၉ ခုမှ ပြည်သူ ၃၀၄ ဦး၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၈ ခုမှ ပြည်သူ ၃၇၂ ဦး စုစုပေါင်း ၆၇၆ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။
May 06, 2024
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့် (2nd UN Tourism Conference on the Empowerment of Women in Tourism in Asia and the Pacific)ကို မေ ၂ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International ConventionCenter (BICC)၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
May 06, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
May 06, 2024
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း၌ ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံသည်။
May 06, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ရောက်ရှိပြီး ချည်များအထည်ရက်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်းသိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
May 06, 2024
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
May 06, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ယနေ့နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စငေါအုပ်စု ပန်လျန်းကျေးရွာရှိ ပန်လျန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်သည်။
May 06, 2024
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC – II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 06, 2024
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်အမျိုးမျိုးဖြစ်သည်။ အထူးသဖြင့် နွေရာသီကာလ၌ အပူရှိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်အန္တရာယ်များနှင့် ရေရှားပါးမှုအခက်အခဲများရှိသည်။
May 06, 2024
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတို့မှာ လက်ရှိစိုက်ပျိုးဧကများအတိုင်း တစ်ဧကအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်အောင် ထုတ်လုပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် လက်တွေ့အခြေအနေမှာမူ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍တင်သွင်းနေရသလို ပြည်တွင်းရှိ အဝတ်အထည်လုပ်ငန်းများအတွက် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ် ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝယ်ယူ တင်သွင်းနေရသည်။
May 05, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
May 05, 2024
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်၊ ယနေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းမီးသတ်ဦးစီးဌာနမှူးရုံးတို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 05, 2024
ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ် ကိုင်စားသောက်လျက်ရှိသည်ကို AA အကြမ်းဖက်သောင်းကျန်းသူများက မနာလိုမရှုစိတ်ဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော မြို့၊ ရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
May 05, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက်လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ကျင်းပသည်။
May 05, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 05, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာအကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေ ၂ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Yunjia Sealing Tape ကီလိုဂရမ် ၂၀၀၀ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၉၆၆၂၉၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 05, 2024
တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင်အယူအဆကွာဟမှုမရှိစေဘဲ တစ်သားတည်းဖြစ်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ (၃၃)ကြိမ်မြောက် ကျင်းပသည်။
May 05, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉ ဒသမ ၈ သန်းဖြင့်ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ် ဟိုမိန်းမြို့လုလေကျေးရွာ ဘုန်းတော်ကြီးကျောင်း ပေ(၆၀ x ၃၀) တစ်ထပ်အသစ်တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင် ဆရာတော်ထံလှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာသူကျေးရွာသားများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
May 05, 2024
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန်ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-